Sunday, July 1, 2007

ငါ့မှာ စနေ၊ တနင်္ဂနွေမရှိဘူး

အင်ဂျလီနာဂျိုလီ ရေ .....
မင်းဝက်ဘ်ဆိုဒ်ထဲ ငါဝင်ဖတ်ချင်တယ်
အီသီယိုးပီးယားများ ၀မ်းမီးငြိမ်းကြပြီလား
``ဆူနာမီ´´က တစ်နှစ်ပြည့်ခဲ့ပြီလား
``အီရက် Vs အစ္စရေး´´ တကယ်ငြိမ်းချမ်းရေးရပြီလား
``အိန္ဒြာကျော်ဇင်တော့ အကယ်ဒမီတကယ်ရပြီ
ငါ့မှာ စနေ၊ တနင်္ဂနွေမရှိဘူး.....
လောကကြီးမှာဗျာ
ဟုတ်လည်း ဟုတ်တယ်... ဟုတ်လည်း မဟုတ်ဘူး
မြင့်ဦးဦးမြင့်ဆိုတာ အရူး
ပုထုဇနောဥမ္မာတကောတဲ့ ဆုံမှပြောပြမယ်ကွာ
ယုံမလားတော့ မသိဘူး ဒဂုံကားစီးလာခဲ့ ......
ဟေ့စားပြီး နားမလည်တဲ့ကောင်တွေ
ငါ့မှာ စနေ၊ တနင်္ဂနွေမရှိဘူး .....
ဦးနှောက်ဆိုတာ စဉ်းစားဖို့မဟုတ်လား
ထမင်းစားတာ ပိတ်ရက်မရှိဘူး
အသက်ကို ကြာကြာအောင့်ထားလို့ရသလား
သေခြင်းတရားကို အယူခံဝင်လို့မရဘူး
ငွေနဲ့ပေါက်ရင် နောက်ကောက်ကျမလား
ငါ့မှာ စနေ၊ တနင်္ဂနွေမရှိဘူး.....

!!! I LOVE YOU !!!

Saturday, June 30, 2007

အဖေပြောသော ညအိပ်ရာဝင်ပုံပြင်

ကျွန်တော်ကလေးဘ၀တုန်းကပေါ့ မှတ်မိနေသေးတယ်... ညအိပ်တဲ့အချိန်ဆို ကျွန်တော့်အဖေက ကျွန်တော်တို့ ညီအစ်ကိုတွေကို ပုံပြင်လေးတစ်ပုဒ်ကို အမြဲပြောပြတယ်.. သားလေးတွေ အိပ်ပျော်အောင်လို့တဲ့.. ကျွန်တော်အမြဲ အမှတ်ရမိတယ်..
ဟိုရှေးရှေးတုန်းကဆိုပြီး အစချီပြီးတော့ အဖေအမြဲပြောတယ်...
နောက်ပြီး ... ဘုရင်ကြီးတစ်ပါးကတဲ့ တောထဲမှာ အမဲပစ်ထွက်တယ်တဲ့ကွယ့်.. သူဟာ သူရဲ့စီးတော်မြင်းကြီးကို စီးပြီးသွားတယ် ...
``သစ်ကလုပ်.... သစ်ကလုပ်... ´´ဆိုပြီး
ကျွန်တော့်တို့ အိပ်ပျော်တဲ့ အချိန်ထိပဲ...ဒီလို ဒီလိုနဲ့ပဲ နေ့တိုင်းမပြောင်းလဲသော ပုံပြင်လေးဟာလဲ ကျွန်တော်တို့ကြီးလာတဲ့အချိန်ထိပဲ မပြောင်းလဲသေးဘူးပေါ့...

စာဖတ်ပရိတ်သတ်များကို တောင်းပန်ခြင်း

Post အသစ်လေးတွေ ရေးသားချင်ပေမယ့် မအားလပ်တဲ့အတွက်ကြောင့် စာဖတ်ပရိတ်သတ်များကို အနူးအညွှတ်တောင်းပန်အပ်ပါသည်။
ထိုအပြင် စာအရေးအသား၊ စာဖတ်ခြင်းများ နည်းပါသဖြင့် ဘယ်လိုအကြောင်းအရာမျိုးကို ရေးရမည်ကိုစဉ်းစားနေပါသဖြင့် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ တခြား blog site တွေလို အကြောင်းအရာ ကောင်းလေးများ ပေးနိုင်ဖို့ အမြဲစဉ်းစားပြီး ရေးပေနိုင်ရန်ကြိုးစားနေပါတယ်... ဆက်လက် အားပေးကြပါဦးဗျာ...

Sunday, June 24, 2007

! ... The End ... !

ချစ်ခဲ့ဖူးတဲ့ ကောက်ကြောင်း
ဖြစ်ခဲ့ဖူးတဲ့ ဘဝ
ဖြစ်လာမဲ့ အခြေအနေ
ပြောရရင် အရှည်ကြီး
နိဂုံးချုပ်ပြီးပဲ ပိတ်လိုက်တော့မယ် .....
ဒီမှာတင်ပဲ ပြီးသွားပြီ .....

plus to plus

ချိုမြတဲ့ ၀ိုင်တစ်ခွက်
သောက်လိုက် ရသလို
ချစ်ခဲ့မိပါတယ် .....
စူးရှတဲ့ အရက်တစ်ခွက်
သောက်လိုက် ရသလို
ခါးသီးဖူးပါတယ် .....
နောက်ဆုံးတော့လည်း
အချစ်ဆိုတာ ပုစ္ဆာတစ်ပုဒ်လို
တွက်ချက်ပြီး ပေါင်းလိုရတဲ့
အရာတစ်ခုလိုပါပဲ .....

PS. တစ်ယောက်သောသူက တစ်ယောက်သောသူသို့


Friday, June 22, 2007

ပေါ်မလာ၊ ခေါ်လာနိုးရယ်နဲ့

ပေါ်မလာ ခေါ်လာနိုးရယ်နဲ့
စောင့်ရတဲ့ ဒီအကောင်မှာ
သစ်ကုလားအုပ်နဲ့ပြိုင်

ကြားရတဲ့ ဖုန်းသံတိုင်းမှာ
အိပ်မရတဲ့ စက္ကန့်တိုင်းဟာ
ဖုန်းဆက်လို့များ ခေါ်လေမလား .....

ပေါ်မလာ၊ ခေါ်လာနိုးရယ်နဲ့
စောင့်ရတဲ့ အချိန်တွေဟာ
ဝေးကမ္ဘာခြား၊ ခံစားနေရတဲ့
အတွေးကမ္ဘာထဲက
ရုန်းထွက်ပြေးလို့
အရောက်လှမ်းခဲ့ရင်
လက်ကမ်းလို့ ကြိုလေမလား .....
စိတ်ထားတော် ညှိုလေမလား .....

2004 ချစ်ဇာတ်လမ်း

ခင့်အလှ ခင့်ဟန်ပန်
ခင့်စကား ခင့်အပြောတွေက
မြင်ယုံဖြင့် ဘ၀င်အေး ..?

ချစ်မိတာ ကြာခဲ့ပေမယ့်
နှုတ်ဆွဲ့ကာ မပြောရဲ့လေတော့
မြှောက်ပေးသူ အကိုအပေါင်းတို့က
ခြောက်သူခြောက်၊ စသူစ .....

ရတက် မအေးစရာ စကားတွေနဲ့
ရဲဆေးတင် လွှတ်လေတော
ယောင်္ကျားကွ သတ္တိမွေး
မာန်တင်းကာ လာခဲ့ပေမယ့်
မြင်ရုံဖြင့် ဒူးတုံ
နှလုံးခုန် သွေးပျက်ခြောက်ခြား
စဉ်းစားခဲ့ စကားတွေ
ဘယ်ရောက်လို့ ဘယ်ပျောက်
အခန့်မသင်လျှင် အပြောခံရမည့်အရေး
တွေးရင်းနဲ့ ပြန်လှည့်
ရှုံးနိမ့်ခဲ့ပေါင်း များခဲ့ပြီ .....


ဒီလိုနဲ့ နေလာ
ဖြေသာအောင် နှစ်သိမ့်ပေမဲ့
မြင်နေကျ အပြုံးတွေက
မနေနိုင်အောင် လုပ်ရက်တာမို့
နောက်တစ်ဖန် သတ္တိမွေး
ပြောမိတဲ့ ချစ်စကားတွေကြောင့်
ပျော်ရွှင်ခဲ့ တနေ့တာ .....

ပြန်ပြောင်းကာ ပြောမိခဲ့တဲ့
စကားတစ်ချို့တစ်လေကိုလေ
နားညီးကာ တောင်းပန်လေတော့
အံ့သြကာ သဘောပေါက်ခဲ့
အကိုတွေ မချစ်တတ်သေး .....

တောင်းပန်လဲ တောင်းပန်စရာ
တစ်နေ့တစ်ရောက် ချောမိလေတော့
ပြန်လာလို့ အဆူခံ
အစ်ကိုတွေက ခေါင်းခံရလေတော့
တစ်နေ့ သုံးကြိမ် ဆုတောင်းပါတယ်...
မင်းကို
သူမြန်မြန် ပြန်ချစ်ပါစေတော့ .....

ပြောရင်းနဲ့ မျက်ရည်ဝဲ
ဒီကဗျာရေးပေးရင်းတောင်မှ
သန်းဝေခဲ့ အကြိမ်ကြိမ်
နားပူ နားစာ နိုင်လွန်းတာကြောင့်
ရေးပေးခဲ့ ကဗျာတွေ
အိပ်ရေးပျက်ပေါင်း များလို့
မှားခဲ့တဲ့ စာလုံးပေါင်းတွေ
ပြင်ခဲ့ရ အကြိမ်ကြိမ် ...


PS. ညီအစ်ကိုလိုသမျိုး၊ ဆရာလိုသမျိုး၊ သူငယ်ချင်းလိုသမျိုး ပေါင်းသင်းခဲ့တဲ့ ကျွန်တော်ရဲ့အချစ်ဆုံး Bro က ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအမှတ်တရအတွက် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်... (..ဗွန်ကြောင်တဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါနော် ..)