Saturday, June 30, 2007

အဖေပြောသော ညအိပ်ရာဝင်ပုံပြင်

ကျွန်တော်ကလေးဘ၀တုန်းကပေါ့ မှတ်မိနေသေးတယ်... ညအိပ်တဲ့အချိန်ဆို ကျွန်တော့်အဖေက ကျွန်တော်တို့ ညီအစ်ကိုတွေကို ပုံပြင်လေးတစ်ပုဒ်ကို အမြဲပြောပြတယ်.. သားလေးတွေ အိပ်ပျော်အောင်လို့တဲ့.. ကျွန်တော်အမြဲ အမှတ်ရမိတယ်..
ဟိုရှေးရှေးတုန်းကဆိုပြီး အစချီပြီးတော့ အဖေအမြဲပြောတယ်...
နောက်ပြီး ... ဘုရင်ကြီးတစ်ပါးကတဲ့ တောထဲမှာ အမဲပစ်ထွက်တယ်တဲ့ကွယ့်.. သူဟာ သူရဲ့စီးတော်မြင်းကြီးကို စီးပြီးသွားတယ် ...
``သစ်ကလုပ်.... သစ်ကလုပ်... ´´ဆိုပြီး
ကျွန်တော့်တို့ အိပ်ပျော်တဲ့ အချိန်ထိပဲ...ဒီလို ဒီလိုနဲ့ပဲ နေ့တိုင်းမပြောင်းလဲသော ပုံပြင်လေးဟာလဲ ကျွန်တော်တို့ကြီးလာတဲ့အချိန်ထိပဲ မပြောင်းလဲသေးဘူးပေါ့...

စာဖတ်ပရိတ်သတ်များကို တောင်းပန်ခြင်း

Post အသစ်လေးတွေ ရေးသားချင်ပေမယ့် မအားလပ်တဲ့အတွက်ကြောင့် စာဖတ်ပရိတ်သတ်များကို အနူးအညွှတ်တောင်းပန်အပ်ပါသည်။
ထိုအပြင် စာအရေးအသား၊ စာဖတ်ခြင်းများ နည်းပါသဖြင့် ဘယ်လိုအကြောင်းအရာမျိုးကို ရေးရမည်ကိုစဉ်းစားနေပါသဖြင့် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ တခြား blog site တွေလို အကြောင်းအရာ ကောင်းလေးများ ပေးနိုင်ဖို့ အမြဲစဉ်းစားပြီး ရေးပေနိုင်ရန်ကြိုးစားနေပါတယ်... ဆက်လက် အားပေးကြပါဦးဗျာ...

Sunday, June 24, 2007

! ... The End ... !

ချစ်ခဲ့ဖူးတဲ့ ကောက်ကြောင်း
ဖြစ်ခဲ့ဖူးတဲ့ ဘဝ
ဖြစ်လာမဲ့ အခြေအနေ
ပြောရရင် အရှည်ကြီး
နိဂုံးချုပ်ပြီးပဲ ပိတ်လိုက်တော့မယ် .....
ဒီမှာတင်ပဲ ပြီးသွားပြီ .....

plus to plus

ချိုမြတဲ့ ၀ိုင်တစ်ခွက်
သောက်လိုက် ရသလို
ချစ်ခဲ့မိပါတယ် .....
စူးရှတဲ့ အရက်တစ်ခွက်
သောက်လိုက် ရသလို
ခါးသီးဖူးပါတယ် .....
နောက်ဆုံးတော့လည်း
အချစ်ဆိုတာ ပုစ္ဆာတစ်ပုဒ်လို
တွက်ချက်ပြီး ပေါင်းလိုရတဲ့
အရာတစ်ခုလိုပါပဲ .....

PS. တစ်ယောက်သောသူက တစ်ယောက်သောသူသို့


Friday, June 22, 2007

ပေါ်မလာ၊ ခေါ်လာနိုးရယ်နဲ့

ပေါ်မလာ ခေါ်လာနိုးရယ်နဲ့
စောင့်ရတဲ့ ဒီအကောင်မှာ
သစ်ကုလားအုပ်နဲ့ပြိုင်

ကြားရတဲ့ ဖုန်းသံတိုင်းမှာ
အိပ်မရတဲ့ စက္ကန့်တိုင်းဟာ
ဖုန်းဆက်လို့များ ခေါ်လေမလား .....

ပေါ်မလာ၊ ခေါ်လာနိုးရယ်နဲ့
စောင့်ရတဲ့ အချိန်တွေဟာ
ဝေးကမ္ဘာခြား၊ ခံစားနေရတဲ့
အတွေးကမ္ဘာထဲက
ရုန်းထွက်ပြေးလို့
အရောက်လှမ်းခဲ့ရင်
လက်ကမ်းလို့ ကြိုလေမလား .....
စိတ်ထားတော် ညှိုလေမလား .....

2004 ချစ်ဇာတ်လမ်း

ခင့်အလှ ခင့်ဟန်ပန်
ခင့်စကား ခင့်အပြောတွေက
မြင်ယုံဖြင့် ဘ၀င်အေး ..?

ချစ်မိတာ ကြာခဲ့ပေမယ့်
နှုတ်ဆွဲ့ကာ မပြောရဲ့လေတော့
မြှောက်ပေးသူ အကိုအပေါင်းတို့က
ခြောက်သူခြောက်၊ စသူစ .....

ရတက် မအေးစရာ စကားတွေနဲ့
ရဲဆေးတင် လွှတ်လေတော
ယောင်္ကျားကွ သတ္တိမွေး
မာန်တင်းကာ လာခဲ့ပေမယ့်
မြင်ရုံဖြင့် ဒူးတုံ
နှလုံးခုန် သွေးပျက်ခြောက်ခြား
စဉ်းစားခဲ့ စကားတွေ
ဘယ်ရောက်လို့ ဘယ်ပျောက်
အခန့်မသင်လျှင် အပြောခံရမည့်အရေး
တွေးရင်းနဲ့ ပြန်လှည့်
ရှုံးနိမ့်ခဲ့ပေါင်း များခဲ့ပြီ .....


ဒီလိုနဲ့ နေလာ
ဖြေသာအောင် နှစ်သိမ့်ပေမဲ့
မြင်နေကျ အပြုံးတွေက
မနေနိုင်အောင် လုပ်ရက်တာမို့
နောက်တစ်ဖန် သတ္တိမွေး
ပြောမိတဲ့ ချစ်စကားတွေကြောင့်
ပျော်ရွှင်ခဲ့ တနေ့တာ .....

ပြန်ပြောင်းကာ ပြောမိခဲ့တဲ့
စကားတစ်ချို့တစ်လေကိုလေ
နားညီးကာ တောင်းပန်လေတော့
အံ့သြကာ သဘောပေါက်ခဲ့
အကိုတွေ မချစ်တတ်သေး .....

တောင်းပန်လဲ တောင်းပန်စရာ
တစ်နေ့တစ်ရောက် ချောမိလေတော့
ပြန်လာလို့ အဆူခံ
အစ်ကိုတွေက ခေါင်းခံရလေတော့
တစ်နေ့ သုံးကြိမ် ဆုတောင်းပါတယ်...
မင်းကို
သူမြန်မြန် ပြန်ချစ်ပါစေတော့ .....

ပြောရင်းနဲ့ မျက်ရည်ဝဲ
ဒီကဗျာရေးပေးရင်းတောင်မှ
သန်းဝေခဲ့ အကြိမ်ကြိမ်
နားပူ နားစာ နိုင်လွန်းတာကြောင့်
ရေးပေးခဲ့ ကဗျာတွေ
အိပ်ရေးပျက်ပေါင်း များလို့
မှားခဲ့တဲ့ စာလုံးပေါင်းတွေ
ပြင်ခဲ့ရ အကြိမ်ကြိမ် ...


PS. ညီအစ်ကိုလိုသမျိုး၊ ဆရာလိုသမျိုး၊ သူငယ်ချင်းလိုသမျိုး ပေါင်းသင်းခဲ့တဲ့ ကျွန်တော်ရဲ့အချစ်ဆုံး Bro က ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအမှတ်တရအတွက် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်... (..ဗွန်ကြောင်တဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါနော် ..)

I Love You

ရူးသွပ်ဖူးခဲ့တရ် ..... ..... SomeTimes
ဘာသာပြန်ခဲ့တရ် ..... ..... Brain & Love
စဉ်းစားလို့မရခဲ့ဘူး ..... ..... Why ..?
ချစ်ခဲ့မိပါတရ် ..... ..... Always
ပြောနေမယ်အမြဲ ..... ..... I Love You

ကောင်းကင်ရဲ့ ပြောသောစကား

အချစ်ဆိုတာ ဒီလိုပါပဲ
ကောင်းခြင်း ဆိုးခြင်းနဲ့
အမျိုးမျိုးရှိသလို
မုန်းခြင်း ချစ်ခြင်းဆိုတာလည်း
ဖြစ်ပေါ်လာတယ်.....
ငိုခြင်း ရယ်ခြင်း ရှိသလို
ကွဲခြင်း ပျက်ခြင်းလည်းရှိတယ်.....
ကောင်မလေးရယ်
တွေးပြီး စိတ်ညစ်မနေနဲ့
ငိုမနေနဲ့နော်.....
ကောင်းကင်က မင်းကို
ပျော်ရွှင်အောင် အမျိုးမျိုး
ဖန်းတီးပေးသွားမှာပါ.....

``မင်းအတွက် တို့ Coast ´´


Thursday, June 21, 2007

စာအုပ်ကြော်ငြာလးနော်..

`` အဟီ.. စိတ်မဆိုးနဲ့နော်.. လက်တို့ပြီးတော့ ပြောရအုံးမယ်.. ´´
သူငယ်ချင်းတို့ရေ.. ကိုယ်ပစ္စည်းတစ်ခုကို ကြော်ငြာအုံးမယ်နော်.. ကျွန်တော်နာမည်မှာ စက္ကူနာမည်လေးတစ်ခု ပါဝင်နေတော့ စက္ကူစာအုပ်လေးတစ်ခု အကြောင်း ကြော်ငြာချင်လို့ပါ..
နာမည်က ဘာလဲ ..?
Ginkou နဲ့ OK Stationary ဗလာစာအုပ်
အရည်အသွေးက ဘယ်လိုလဲ ..?
Full Quality ပဲနော်... စာရွက်အသားကလည်း ကောင်းမှကောင်းပဲ...
ဈေးနှုန်းက ဘယ်လောက်လဲ ..?
မများပါဘူး တစ်ဒါဇင်မှ 2600 ကျပ်ထဲပါ..
ဘယ်မှာ ၀ယ်ယူနိုင်သလဲ ..?
ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်..

သူငယ်ချင်းတို့ရေ.. ကိုယ့်စာအုပ်လေးက အခုမှစတင် ဖြန့်ဖြူးတာမို့လို့ ယုံကြည်စိတ်ချစွာ ညီငယ်၊ ညီမငယ်လေးတွေအတွက် ၀ယ်ယူသုံးစွဲအားပေးကြပါနော်...

PS. အဟီ ကျွန်တော်ဒီဇိုင်းလေးတွေပါဝင်တာမို့ အားအားယားယား ကြော်ငြာပေးတာနော်... နိုမို့ဆိုရင်တော့လည်း ... ကြော်ငြာပေးမှာပေါ့... လောလောဆယ်က ဆိုဒ်က အသစ်လေးဆိုတော့ ရသစုံအောင်လို့ရယ်.. ကျေးဇူးရှိတဲ့ သူဌေးအတွက်ရယ်ပေါ့...


လူတွေကပြောတဲ့ လူအကြောင်း (၂)

ကဲ..သူငယ်ချင်းတို့ရေ.. လူတွေရဲ့ အကြောင်းလေးတွေကို ဖောက်သည်ပြန်ချပြအုံးမယ်နော်... စာသားတွေများလို့တော့ မဖတ်ပဲနဲ့တော့ မနေပါနဲ့ဗျာ... ရင်ထဲကနေ ခံစားပြီးတော့ ဖတ်ကြည့်ပေးပါဗျာ..
ဒီလို ဒီလိုနဲ့ တစ်နေ့မှာတော့ မန်နေဂျာရဲ့ တူတောင်မောင်နဲ့ ပြဿနာတတ်ဖို့ စပါလေရော.. ဖြစ်ပုံက ဒီလိုဗျ ကျွန်တော်က customer ကို လုပ်ပေးနေတဲ့ အချိန်ဆို အနောက်ကနေ သူကအမြဲဆရာလာလုပ်တယ်.. တတ်လားဆိုတော့လည်း ဘာမှမတတ်ဘူး.. နှစ်ကြိမ်သုံးကြိမ်ပဲ.. ကျွန်တော် လျော်ထားလိုက်ပါတယ်. ဒါပေမဲ့ ဖြစ်ချင်တော့ တစ်နေ့မှာ သူ့ရဲ့ဖိုင်ထဲ ဆင်ဆာမဲ့ကားတွေ ရှိတယ်လေ.. ရှိတာတော့ အကြောင်းမဟုတ်ပါဘူး ယောက်ျားလေးပါဟာ.. ဒါပေမဲ ဖိုင်တွေကို ရှယ်ယာပေးထားတယ်လေ... ပြီးတော့ ဖိုင်တွေကို hidden လည်း မလုပ်ထားဘူး.. ကျွန်တော်တို့ ဆိုင်က အင်တာနက်ဆိုင်ဆိုတော့ လူပေါင်းစုံဝင်ထွက်သွားလာနေတာ သူနားလည်မှပေါ့ဗျာ ကြည့်ပြီးရင်လည်း ဖိုင်တွေကို သေသေချာချာသိမ်းပေါ့ဗျာ.. အခုတော့ မသိမ်းတော့ မိန်းကလေးတွေလည်း တွေ့တာပေါ့.. ဒါနဲ့ ကျွန်တော်က အမြင်မတော်တာနဲ့ ရှယ်ယာတွေဖြုတ်ပြီး hidden လုပ်ထားလိုက်ကောပေါ့..ဒါက ပထမတစ်ခုပေါ့ဗျာ.. ဒုတိယတစ်ခါကတော့ တနင်္ဂနွေမှာ ကျွန်တော်ရုံးမှာ ညအိပ်တယ်.. တနင်္လာနေ့မှာ သူရောက်လာတယ်... ညဘက်လည်းရောက်ရော.. သူရဲ့ဖိုင်တွေကို ဘယ်သူရှယ်ယာလုပ်ထားလဲမသိဘူးဆိုပြီး ကျွန်တော်ကို စွပ်စွပ်စွဲစွဲလာပြောရော.. ကျွန်တော်လည်း တင်းတာနဲ့ ပြောလိုက်တာ သူ့ခင်ဗျာ ကြောက်ချီးပန်းပြီး သူ့ရဲ့အဒေါ်မန်နေဂျာကို ခေါ်ပါလေရောဗျာ.. အဲဒီအချိန်မှာ ကျွန်တော်က ထမင်းသွားစားနေတာဗျာ.. ပြန်လည်းရောက်ရော သူ့ရဲ့အဒေါ်ရောက်နေပါလေရော.. ပြီးတော့ ကျွန်တော့်ကို ခေါ်မေးတယ်လေ.. ဘာတွေဖြစ်တာလဲပေါ့.. ကျွန်တော်လည်း ပြောလိုက်တာပေါ့.. အဲဒီတော့ သူက မနက်ဖြန်ကျရင် လူကြီးစုံရာနဲ့ သားမကျေနပ်တာတွေ ရှိရင်ပြောပေါ့... မနက်ဖြန်ကို ချိန်းလိုက်တယ်လေ.. ကျွန်တော်လည်း မန်နေဂျာတူရဲ့အဖပါ ခေါ်ခဲ့ဆိုပြီး ပြောလိုက်တယ်... ဒါပေမဲ့ဗျာ မရှင်းကြပါဘူး... ကြောက်ချီးပန်းသွားကြတယ် ထင်တယ်.. အကုန်လုံး အရှော်ဇယားတွေ ခင်းသွားကြတယ်.. ရှင်းရင်လည်း သူတို့တွေ အကုန်လုံး စောက်ရှက်ကွဲကြမှာလေ.. ဘယ်ရှင်းရမလဲ... နောက်ပိုင်းကျတော့ သူ့ရဲ့တူက ပိုဆိုးလာတယ်.. ကျွန်တော်နဲ့ ပညာချင်းလိုက်ယှဉ်ရင် ကျွန်တော်မပြောပါဘူးဗျာ.. အခုတော့ ကျွန်တော့်ဝတ်တဲ့ ဒီဇိုင်း၊ ဖိနိပ်၊ ကျွန်တော်လုပ်သလို အကုန်လိုက်လုပ်တော့တာပဲ.. ပေါချောင်ချောင် ဂေါင်စီကွေးများ ဖြစ်နေသလားမသိဘူး.. (ရိုင်းရိုင်းပြောရမယ် ဆိုရင် ကျွန်တော်ချီးစားမယ်လို့ ပါးစပ်ဟပြီးပြောလိုက်ရင်တာ့ သူကအရင်ကြိုပြီး ချီးတွင်းတစ်တွင်းလုံးများ စားနေမလားမသိဘူး...အဟိ) မန်နေဂျာကလည်း အသက်က သေခါနီးနေပြီ .. အခုအချိန်ထိ လူငယ်လေးတစ်ယောက်နဲ့ လိုက်ပြီး ပြဿနာလိုက်ဖြစ်နေတုန်း အတင်းချတုန်းပဲ.. သူ့အတင်းချတဲ့ အကြောင်းတွေသာ ဆက်ရေးနေရင် ကုန်အုံးမှာ မဟုတ်ဘူး.. (တကယ်ရှိသေးတာနော် လက်ညောင်းလာလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်..အဟိ) တစ်ကယ်လို့ ကျွန်တော်ဟာ သူ့အတင်းတွေသာ သူ့လို လိုက်ချရမယ်ဆိုရင် အခုအချိန်ဆို သူ့ဘ၀ကြီးလည်း စုတ်ပြတ်သတ်နေပြီ... (အဟိ ပြောရအုံးမယ်.. သူရည်းစားပထမတစ်ယောက်က ကုလား၊ နောက်ဆုံးတစ်ယောက်ကတော့ ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိ.. အဟိ ဘာကြည့်မှန်းကို မသိဘူး..) ထားလိုက်ပါတော့လေ.. ဒါဟာ ဘ၀မှာဖြစ်တတ်တဲ့ သဘာဝလေးတွေပါ.. ကျွန်တော်ကတော့ ဒီလိုပြဿနာတွေကို အကောင်းမြင်ဝါဒနဲ့ပဲ ကြည့်တော့တယ်.. ဒါမှ နောက်လာမယ့်ကိုယ့်ဘ၀မှာ အလုပ်တစ်ခုလုပ်ရင် ဘယ်လိုဖြစ်တတ်တယ်.. ၀န်ထမ်းတွေကို ဘယ်လိုအုပ်ချုပ်ရမယ်၊ ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ အတွေ့အကြုံသင်ခန်းစာလို့ပဲ မှတ်ယူလိုက်တော့တယ်..
ကျွန်တော်စေတနာအရင်းခံပြီး ပြောချင်တာတော့ ....
``လူတိုင်း အရာရာကို ခွင့်လွှတ်နိုင်တဲ့ စိတ်လေးတွေနဲ့ လောကကြီးကို အကောင်းမြင်နိုင်ပြီး ရှေ့သို့ချီတတ်ကြပါလို့ ´´

PS. ပြောပြချင်တဲ့ အကြောင်းအရာများကိုသာ ရေးသားထားတဲ့အတွက် တစ်ချိုနေရာလေးတွေ လိုအပ်မှုလေးတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ စာအရေးအသား အဖြတ်အတောက်များလည်းလိုအပ်နေပါသေးသဖြင့် သည့်းခံပြီး ဖတ်ပေးကြတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဤစာသားအတွင်း၌ သက်ဆိုင်သောလူများ အားလုံးအား နစ်နာစေချင်တဲ့ စိတ်ကူး၊ ဘယ်သူ့ ဘယ်သူကိုမှ စော်ကားလိုခြင်း၊ ထိခိုက်စေလိုခြင်း မရှိပါကြောင်း။

Wednesday, June 20, 2007

လူတွေကပြောတဲ့ လူ့အကြောင်း

လောကမှာ လူဆိုပြီး ဖြစ်လာကတည်းက သုခနဲ့ ဒုက္ခတွေ ရောပြွန်နေကြတာ ဓမ္မတာပါ... ဒီလိုပဲ လူတိုင်းခံစားကြရတဲ့ ဒီဖြစ်ရပ်တွေကို လူသားအချင်းချင်းစာနာမှုမရှိတဲ့ လူတစ်ချိုရဲ့ကောက်ကျစ်မှုတွေဟာလည်း ရှိကြစမြဲပါ... ရှိကြစမြဲဆိုတဲ့ အတိုင်း ....
တစ်နေ့မှာ ကျွန်တော်ရဲ့ အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီလေးတစ်ခု အခမဲ့သွားရောက် ကူညီသွားပေးခဲ့တယ်... (ကျွန်တော်ကလည်း နိုင်ငံခြားမထွက်ခင် အားနေလို့ပေါ့။) ရုံးလေးကလည်း မိတ္တူဆိုင်လေးမှ အင်တာနက်ဆိုင်လေးတို့ အသစ်ပြောင်းလဲထားတာ မကြာသေးဘူးပေါ့... ဖြစ်ချင်တော့ ရုံဝန်းထမ်းတွေကလည်း နည်းနေတဲ့အချိန် ကျွန်တော်ကလည်း အားနေတဲ့အချိန် တိုက်ဆိုင်လိုက်တော့ နေ့ရောညပါ ကူညီပေးလိုက်တယ်... ဒီလိုနဲ့ ပြဿနာလေးတစ်ခုဟာ အစပျိုးလာလေရဲ့... စာရင်ဇယားကိစ္စတွေပေါ့..ဖြစ်ပုံက ဒီလိုဗျာ မန်နေဂျာပြတဲ့စာရင်းက သူဌေးက နားမလည်တော့ ကျွန်တော့်ကောင်မလေးကို စာရင်းအသေးစိတ်တွေ လုပ်ခိုင်းတော့ ကျွန်တော်လည်း ၀ိုင်းပြီးကူညီပေးလိုက်မိတယ်.. အဲဒီမှာ မန်နေဂျာရဲ့စာရင်းနဲ့ ကျွန်တော်စာရင်းတွေဟာ ကွာဟနေတယ်လေ.. ကျွန်တော်က အမြတ်ပြပြီး သူက အဂှုံးပြတယ်လေ.. ပိုက်ဆံက သိပ်မကွာပါဘူး.. ကျွန်တော်က ၅သောင်းမြတ်ရင် သူက ၁သိန်းအရှုံးပြတယ်လေ..(အဟိ သိပ်မစားပါဘူးနော်..ပိုက်ဆံကတော့ ဥပမာပြတာနော်) ဒီလိုနဲ့ သူက ကျွန်တော်ကို သိပ်မကြည်တော့ဘူးပေါ့ဗျာ.. အဲဒီလိုနဲ့ တစ်နေ့မှာ သူနဲ့တူတော်တဲ့ တူတောင်မောင်လေးက ရုံးမှာ ညဘက်လာကူညီပေးလေရဲ့.. တစ်နေ့ သူက သူဌေးရှေ့မှာ စာရင်းတွေလုပ်တာ ပိုက်ဆံတွေကွာနေပါလေရော်... အဲဒါနဲ့ သူဌေးက ဒီရုံးကလူတွေ စာရင်းကိုင်တတ်ခိုင်းရမယ် ထင်တယ်တဲ့... အဲဒီလိုလဲကြားရော ကျွန်တော်လည်း ဘုပြီးတော့ ဒီထဲမှာ ကျွန်တော်တော့ မပါပါဘူးလို့ ပြောပြီး စာရင်းလုပ်ပေးလိုက်တာ ကွတ်တိဖြစ်နေရော... အဲဒီမှာလည်း မန်နေဂျာကြီးက တူတော်မောင်ကို အိုင်ဖဲ့တယ် ထင်ပြီး တင်းပြန်ရော.. အဲဒီလိုနဲ့ ကျွန်တော်လည်း နိုင်ငံခြားမသွားဖြစ်သေး ပြဿနာကလည်း လကုန်စာရင်းချုပ်တိုင်း မန်နေဂျာကြီးက ကျွန်တော်ကိုတင်း... ဒီလိုနဲ့ တစ်နေ့မှာ သူဌေးကနေ ကျွန်တော့်ကောင်းမလေးကို ခေါ်မေးတယ်လေ.. နင်တို့ တစ်နေ့တာတစ်နေ့စာရင်းချုပ်လို့ ပိုက်ဆံပိုရင် ဘာလုပ်လဲတဲ့... အဲဒီတော့ ကျွန်တော်တို့ကလည်း စာရင်းပြန်ထည့်တာပေါ့.. ပြီးတော့ ကော်ဖီးဖိုးတွေလိုရင်လည်း အဲဒီထဲကို စိုက်လိုက်တာပေါ့လို့ ပြောလိုက်တယ်.. နောက်တော့ သူဌေးက မန်နေဂျာက ငါ့ကို လာပြောတယ်တဲ့။ သူ့ရဲ့တူတော်မောင်က ညဘက်ဆို ပိုက်ဆံယူတယ်လေဗျာ
ဆေးလိပ်ဖိုး၊ လက်ဘက်ရည်ဖိုးတွေက အစပေါ့... (ခိုးတာပေါ့ဗျာ) ယူတော့ သူ့အဖေက သူအိမ်ပြန်လာရင် မေးရော .. ငါ့သား မင်းမှာ ပိုက်ဆံတွေ များလှချည်လားတဲ့.. အဲတော့ သူကပြောတယ် ညဘက်အိပ်တဲ့လူက ပိုက်ဆံပိုရင် ယူလို့ရတယ်တဲ့..ဒီတော့ သူ့အဖေက သူ့ညီမ မန်နေဂျာကြီးကို တိုင်ပါလေရောဗျာ.. မန်နေဂျာကလည်း စောက်ရှက်မရှိ သူဌေးကို သွားပြောလေရော.. အဲဒီတော့ သူဌေးက ကျွန်တော်ကို ထင်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ မေးရော... ကျွန်တော်လည်း လုပ်တဲ့အတိုင်း အမှန်အတိုင်းပြောလိုက်တာပေါ့ဗျာ..(ကျွန်တော်တာ ပိုက်ဆံယူချင်ရင် တစ်ထောင်၊ နှစ်ထောင်လောက်နဲ့ နာမည်ပျက်ခံပြီး မလုပ်ဘူး၊ သောင်းလိုက်တာ ယူပစ်လိုက်မယ်... အဟီ) ဒီလိုနဲ့ သူဌေးက တစ်နေ့တစ်နေ့ မန်နေဂျာခင်ဗျာ ဂုံးချောရတာ အမော.. ဖုန်းနဲ့တမျိုး လူကိုယ်တိုင်တစ်မျိုးပေါ့ဗျာ... ဘယ်လိုပြောလဲဆိုရင် ရုံးက ကောင်းလေနှစ်ယောက် ထွက်တယ်.. တစ်ယောက်က သူမလုပ်ချင်တော့လို့ ထွက်တယ်.. နောက်တစ်ယောက်က မန်နေဂှာ နှစ်လုံးထီ ၁၅ သိန်းရှုံးတာကို သွားပြောလိုက်လို့ အထုတ်ခံရတာကို ကျွန်တော်နဲ့ မတည့်လို့ ထွက်ကြပါတယ်ဆိုပြီး သွားပြောတယ်လေ.. ပြီးတော့ ညဘက် မန်နေဂျာနဲ့ သန့်ရှင့်ရေးကောင်းမလေးတို့ သန့်ရှင်းရေးလာလုပ်တယ်... မနက်ကျတော့ ကျွန်တော်က ထုံးစံအတိုင်း ကျွန်တော့်ကောင်မလေးကို သွားကြိုပြီး ရုံးကိုပြန်လာတယ်.. အဲဒီနောက် ကျွန်တော်တို့လည်း ရောက်ရော သန့်ရှင်မလေးက ပြန်မယ်ဆိုပြီး မန်နေဂျာမကို သွားနှုတ်ဆက်တယ်လေ.. ပြီးတော့ ကောင်မလေးက ပြန်သွားလေတယ်။ ရိုးရိုးရှင်းရှင်းလေးကို သူဌေးကို သူနဲ့ သူကောင်မလေးက အောက်မှာ ပလူးပဲလဲးနေတာ သန့်ရှင်းရေးကောင်းမလေးက မမြင်ချင်တဲ့အဆုံးတွေ့နေရလို့
ကျွန်မအနားမှာ လာထိုင်ပြီး လာပြောသွားတယ်ဆိုပြီး ချွန်တယ်လေဗျာ.. နောက်ပြီးကျွန်တော် ဒီမှာလာကူညီတာကို အိုးမရှိ အိမ်မရှိလို့ လာနေတာဆိုပြီး ချွန်သေးတယ်ဗျာ.. ပြီးတော့ သူဌေးက ကျွန်တော်ကို ထမင်းကျွေးတယ်ဗျာ ဒါပေမယ့် သူက ထမင်းကို ပေါ်တင်ပဲ ကျွန်တော်ကို မကျွေးတော့ဘူး (မကျွေးတော့လည်း ကျွန်တော့်ပိုက်ဆံနဲ့ပဲ ၀ယ်စားရတာပေါ့ဗျာ) ဘယ်လောက်အောက်တန်းကျလိုက်သလဲ... ကျွန်တော့်မှာလေ ဒီကိစ္စတွေကို ရှင်းရှင်လိုက်တာ အမောဗျာ.. ဒါပေမယ့် ကျွန်တော့်ဆရာသမားနှစ်ယောက်က ပေးမရှင်းကြဘူးဗျာ... ထားလိုက်ပါတဲ့ သူ့ကံကြမ္မာ သူရေးသွားလိုက်မယ်တဲ့.. ကျွန်တော်ဆရာတွေက ရိုးရိုးအေးအေးကြီးတွေဆိုတော့ မရှင်းရှင်ကြတာနေမှာပေါ့ဗျာ.. ပြီးတော့ မန်နေဂျာအစ်ကိုနဲ့က သူငယ်ချင်းအရင်းခေါက်ခေါက်တွေဆိုတော့လည်း မရှင်းကြတာနေမှာပေါ့ဗျာ.. ဒီလိုနဲ့ပဲ ကျွန်တော်က မသိချင်ယောင်ဆောင်ပြီး နေလိုက်တော့တယ်ဗျာ.. ခက်တာက လူတွေနဲ့ ကျွန်တော်က သိပ်မပေါင်းတတ်တော့ လိုက်လျောညီထွေမနေတတ်ဘူးဖြစ်နေတယ်.. ဒါပေမယ့် အတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပြီးနေထိုင်တယ်ဗျာ.. ဒီမှာက အင်တာနက်လေးကြည့်ပြီး ကိုယ်လေ့လာချင်တာကို လေ့လာလို့ရတာကိုး... ဒီလို ဒိလိုနဲ့ တစ်နေ့မှာတော့.... (ဆက်ရန်)
PS. ကျွန်တော့်ဘ၀အတွင်းက လူလေးတစ်စု(ရုံးငယ်လေးတစ်ရုံး)က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေကို လူတိုင်းအတွက် ကြုံတွေရမဲ့ အနာဂါတ်အမှတ်တရလေးတစ်ခုအနေနဲ့ ပေးချင်မိတဲ့အတွက် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်... ဤစာသားအတွင်း၌ သက်ဆိုင်သောလူများ အားလုံးအား နစ်နာစေချင်တဲ့ စိတ်ကူး၊
ဘယ်သူ့ ဘယ်သူကိုမှ စော်ကားလိုခြင်း၊ ထိခိုက်စေလိုခြင်း မရှိပါကြောင်း။

ချစ်သူပြောသော ကျွန်တော့အကြောင်း

လူတိုင်းလူတိုင်းမှာ ချစ်သူလေးတွေ ကိုယ်စီတော့ ရှိကြမှာပေါ့... သူတို့ရဲ့ချစ်သူလေးတွေက သူတို့ရဲ့ ချစ်စရာ အသွင်အပြင်တွေကို ဘယ်လိုခံစားပေးကြသလဲဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော့်ချစ်သူလေးကတော့ ကျွန်တော့်အတွက် ဥပဒေသလေးတွေနဲ့ ခံစားပြောပြတဲ့အကြောင်းအရာလေးတွေကို ကျွန်တော့ရဲ့ ပထမဆုံး blog Site လေးအတွက် အမှတ်တရရေးဖွဲ့တင်ပြလိုက်ပါတယ်...
ဥပဒေသ (၁)
ချစ်က အလုပ်လုပ်ရင် အရမ်းတိကျတယ်။ သေသေချာချာနဲ့လုပ်တတ်တဲ့ အကျင့်လေးလဲရှိတယ်။ စည်းစနစ်တကျ လုပ်တတ်သော အကျင့်လည်း ရှိတယ်။ အပြောအဆိုကတော့ ချိုသာပါတယ်။ ပြေပြေပြစ်ပြစ်လည်း ပြောတတ်ပါတယ်။ ဒါပေမဲ့ ချစ်က ပွင့်လင်းတာကို ကြိုက်တယ်။ လိမ်ညာတာကို မကြိုက်ဘူး။ လိမ်ပြီးညာတဲ့ လူနဲ့တွေ့ရင် ဟန်ဆောင်ပြီး ပြောဆိုဆက်ဆံခြင်းလည်းမရှိ၊ ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံတတ်တယ်။ အမှန်တရားဘက်မှာ နေတတ်သူ ဖြစ်တယ်။ ပြောချင်ရင် ချက်ခြင်းပြောတတ်ပြီး ဖုံးလွှမ်းထားခြင်း မရှိဘူး။ အလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်း ချက်ချင်း လုပ်ရမှာ ကျေနပ်သူ ဖြစ်တယ်။
ဥပဒေသ (၂)
ချစ်က လိုချင်တာကိုလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ယူတတ်တဲ့အကျင့်ရှိတယ်။ မရရင်လည်း စိတ်တိုတတ်တဲ့ အကျင့် ရှိတယ်။ စိတ်တိုရင်လည်း ဟောက်ငမ်းတတ်ပြီး သူကို့ခေါ်ရင်လည်း မသိသလိုနေတတ်တဲ့အကျင့်ရှိတယ်။ အရမ်းစိတ်တိုရင် ကိုယ့်ချစ်သူတောင် ဟောက်ငမ်းပြောဆိုတတ်ပြီး ကြမ်းတမ်း၍ ရုပ်ဆိုးတတ်ပါတယ်။ မျက်နှာကြီး ဆူပုတ်၍ စောင့်အောက်တတ်သော အကျင့်လည်း ရှိတယ်။
ဥပဒေသ (၃)
ချစ်က တစ်ခါတစ်လေလွဲမှားမှုမျိုးလည်း ရှိတယ်။ လွဲမှားရာတွင်လည်း နည်းနည်းပါးပါးမဟုတ်၊ အစအဆုံးအကုန်လုံး ဖြစ်တယ်။
ဥပဒေသ (၄)
ချစ်က နည်းနည်းချောတယ် အများကြီးလည်း ချစ်ဖို့ကောင်းတယ်။ ဟင်း ဒါပေမဲ့ ချစ်က ချစ်ကို ချောတယ်လို့ပြောလျှင် မာန်တတ်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အရမ်းအထင်ကြီးတတ်သည်။ ဟဲ..ဟဲ မြောက်ကြွကြွဖြစ်နေတာပေါ့။ မိန်းကလေးများရှေ့တွင် ကြောက်ရွံ့သလိုဖြစ်ပြီး အများအမြင်ထင်သာအောင် ဆူးဆူးရှရှ ကြည့်တတ်တဲ့ အကျင့်လည်း ရှိတယ်။ ပျော်ရွှင်မှုရှိလာရင်လည်း မနှောက်မနှေး ပျော်ရွှင်မြူးထူးတတ်တယ်။ ရွဲ့ရာတွင်လည်း သူများတစ်ခုဆို နှစ်ခုလောက် ပိုလုပ်တတ်တယ်။ ကိုယ်မှန်တယ်ထင်လျှင် ဆက်လုပ်တတ်သော အကျင့်လည်းရှိတယ်။
ဥပဒေသ (၅)
မျက်နှာအမူအရာကို ကြည့်
၍ ခက်ထန်သည်ဟု ထင်ရသော်လည်း ပေါင်းကြည့်လျှင် ဖော်ရွေ၍ ပြေပြစ်ဆီလျော်ပါတယ်။

PS. အမှတ်တရ မှ အမှတ်တရသို့ .... ခံစားမှုမြောက်သွားအောင် ကျွန်တော့်ရဲ့ မကောင်းကြောင်းနှင့် ကျွန်တော်ရဲ့ကောင်းကြောင်းပါ ရေဖွဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်...